Restaurant Management Course

Saturday  23 March  2019  9:00 AM    Sunday  24 March  2019 5:00 PM
Save Saved
Last update 25/03/2019
  72

????‍???? စားသောက်ဆိုင်လောကမှသူများ အတွက်
သတင်းကောင်း ????‍????
**********************************
အခုခေတ်မှာ စားသောက်ဆိုင်တွေ မှိုလိုပေါက်ပြီး
ပေါများလာပေမယ့် ဆယ်စုနှစ်တစ်ခုကျော်ကြာ
အောင်မြင်စွာရပ်တည်နိုင်ခဲ့တဲ့ စားသောက်ဆိုင်
ဆိုတာ မရှိသလောက် ရှားပါးနေပါပြီ။ ????
စားသောက်ဆိုင်တစ်ဆိုင်က�ကျရှုံးရတဲ့အကြောင်း
အရင်းတွေ အများကြီးရှိတဲ့အထဲက အဓိကအချက်ကတော့ ဆိုင်ရှင်သို့ မဟုတ် မန်နေဂျာ ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေနဲ့ စီမံခန့် ခွဲပုံ အားနည်းချက်
တွေ ကြောင့်ပါ။ ????
စားသောက်ဆိုင်တွေအရှုံးပေါ်ပြီး ပိတ်လိုက်ရတာ
မြင်တိုင်း ကျွန်တော်တို့ ရင်ထဲမှာ အရမ်းကိုစိတ်မ
ကောင်းဖြစ်ရပါတယ်။ ????
ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဘဝတွေကို F&B လောကမှာ အစပြုခဲ့သလို အခုထိလည်း F&B
လောကထဲမှာပဲ ဘဝတစ်ခုလုံးကိုမြှပ်နှံပြီး အသက်ရှင်ရပ်တည် နေတာကြောင့်ပါ။ကျွန်တော်တို့  F&B လောကကိုချစ်ပါတယ်။စားသောက်ဆိုင်တွေဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် ကိုယ်တတ်ထားတဲ့ပညာနဲ့  တစ်ဖက်တစ်လမ်းကနေ ကူညီချင်ပါတယ်။ ????
အခုဆိုရင် စားသောက်ဆိုင် ဘားနဲ့ ကော်ဖီဆိုင်
တွေကို ဦးဆောင်စီမံခန့် ခွဲရာမှာ မဖြစ်မနေ သိရှိ နားလည် ထားသင့်တဲ့စားသောက်ဆိုင် စီမံခန့် ခွဲမှု
နဲ့ အုပ်ချုပ်ပုံ ပညာရပ်များရဲ့ ခက်ခဲနက်နဲတဲ့ လျှို့ဝှက်
ချက်နဲ့ပညာရပ်ပိုင်းဆိုင်ရာအဆီအနှစ်များဗဟုသုတ အတွေ့ အကြုံများကို Restaurant Management Course သင်တန်းအနေနဲ့ မြန်မာပြည်မှာ ပထမ
ဦးဆုံး ဖွင့်လှစ် ပို့ ချပေးတော့မှာဖြစ်ပါတယ်။ ????
စားသောက်ဆိုင်လောကအကြောင်း စိတ်ဝင်စားသူမည်သူမဆို သင်တန်းတက်ရောက်နိုင်ပါတယ်။ ????
ပညာအရည်အချင်းနှင့်အသက်အရွယ် ကန့်သတ်
ချက်မရှိပါ။
မဖြစ်မနေသင်တန်းတက်ရောက်သင့်သူများ
*******************************
# စားသောက်ဆိုင် ပိုင်ရှင်များ ????
# စားသောက်ဆိုင် ဖွင့်ချင်သူများ ????
# စားသောက်ဆိုင် မန်နေဂျာများ ????
# စားသောက်ဆိုင် ကြီးကြပ်ရေးမှူးများ ????
သင်တန်းမှာအဓိကသင်ကြားပေးမယ့်ဘာသာရပ်များ
*************************************
1. Changing Mindset ????
မြန်မာပြည်က စားသောက်ဆိုင် အများစုက
မိရိုးဖလာပုံစံ Family Type နဲ့ သွားနေကြတာပါ။
ဒီပုံစံနဲ့ သွားရာမှာကောင်းကွက်တချို့ရှိသလို ဆိုး
ကွက်တွေ အားနည်းချက်တွေလည်း အများကြီးရှိ
ပါတယ်။ Family Type ပုံစံကနေ နိုင်ငံတကာမှာ
အောင်မြင်ကျော်ကြားပြီး ဆိုင်ခွဲတွေအများကြီး ဖွင့်
လှစ်ထားတဲ့ KFC တို့  Mc Donald's တို့ လို ကမ္ဘာ
ကျော် စားသောက်ဆိုင်ကြီးတွေရဲ့ နည်းစနစ်ပုံစံအတိုင်း ကူးပြောင်းချင်ရင်မိတ်ဆွေတို့ ရဲ့ အရိုးစွဲနေတဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်တွေကို အရင်ဆုံး
ပြောင်းလဲပစ်ဖို့  လိုအပ်ပါတယ်။အဲလိုပြောင်းလဲနိုင်ဖို့ ကျွန်တော်တို့ သင်တန်းက ဝါရင့်ဆရာများမှကူညီသင်ကြားပေးနိုင်ပါတယ်။
2. F&B Management ????
စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေရဲ့ Menu တွေ
အစားအသောက် အဖျော်ယမကာတွေကို အရသာ
ရှိပြီး သန့် ရှင်းသပ်ရပ်စွာရောင်းချနိုင်ဖို့ စီမံခန့် ခွဲရာမှာမဖြစ်မနေ သိထားသင့်တဲ့ အလေအလွင့်နည်း
အောင်စီမံပုံ စနစ်ကျတဲ့စာရင်းဇယားထားရှိပုံ စတဲ့
အချက်တွေကိုသင်ကြားပေးသွားမှာပါ။
3. F&B Services ????
စားသောက်ဆိုင်တို့ ဘားဆိုင်ရဲ့ Service ပိုင်းက
ဝန်ထမ်းတွေလုပ်ဆောင်ရမယ့်တာဝန်နဲ့ ဝန်ဆောင်မှုပိုင်းတွေအတွက်နိုင်ငံတကာက ဟိုတယ်နဲ့ စားသောက်ဆိုင်ကြီးတွေမှာလက်ခံကျင့်သုံးနေတဲ့ "Standard Operation Procedure (S.O.P)" နဲ့ အညီသွားနိုင်ဖို့ စတဲ့အချက်တွေကို စာတွေ့ လက်တွေ့ သင်ကြားပေးသွားမှာပါ။
4. HRD & HRM in Hospitality ????
စားသောက်ဆိုင်တစ်ဆိုင်တိုးတက်အောင်မြင်ဖို့ 
ဝန်ထမ်းတစ်ဦးချင်းအရည်အသွေးနဲ့ စိတ်ဓာတ်တွေ ခံယူချက်တွေ မြင့်မားဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ဝန်ထမ်းတွေရဲ့ အရည်အသွေးတွေတိုးတက်ဖို့ ဆိုရင် HR ဘာသာရပ်ကိုသိရှိနားလည်ထားမှဖြစ်နိုင်မှာပါ။ဝန်ထမ်းအင်တာဗျူးပုံ ဝန်ထမ်းခန့် ပုံ တာဝန်ခွဲဝေချထားပုံ ရာထူး လစာ တိုးပေးပုံ လစာတွက်ချက်ပုံ ဝန်ထမ်းမြဲအောင်ထိန်းသိမ်းပုံ ဝန်ထမ်းနှုတ်ထွက်ခြင်း အလုပ်ထုတ်ပယ်ခြင်းစတဲ့ ဝန်ထမ်းရေးရာပြသနာ
တွေကို အကောင်းဆုံးကိုင်တွယ်ဖြေရှင်းတတ်လာ
အောင်သင်ကြားပေးသွားမှာပါ။
5. Marketing in Hospitality ????
ဒီနေ့ ခေတ်ဟာ IT ခေတ်ဖြစ်တဲ့အတွက် သင့်စားသောက်ဆိုင်နဲ့ ဘားဆိုင်ဟာ ဝန်ဆောင်မှုနဲ့ အရသာဘယ်လောက်ကောင်းကောင်း မကြော်ငြာရင် လူမသိနိုင်ပါဘူး။ရောင်းအားနဲ့ ဈေးကွက်ရှာဖွေ
မြှင့်တင်ရေးပြုလုပ်ပုံအွန်လိုင်းပေါ်ကနေ Digital Marketing နည်းပညာအသုံးပြုပြီးကြော်ငြာပုံ စတဲ့ပညာရပ်တွေကိုပါသင်ကြားပေးသွားမှာပါ။
????‍???? သင်ကြားပို့ ချပေးမယ့်ဆရာ ????‍????
*******************************
သင်ကြားပို့ ချပေးမယ့်ဆရာကတော့ F&B လောက ကနာမည်ကြီး အတိုင်ပင်ခံဆရာတစ်ဦးဖြစ်တဲ့ဆရာကိုဝေယံ ဖြစ်ပါတယ်။ဆရာကိုဝေယံဟာ ဒဂုံတက္က
သိုလ်က Business Management ဘွဲ့ နဲ့  City of Oxford College (UK) မှ Single Subject in Business Management & Adminstration ဘွဲ့ အပါအဝင် F&B နဲ့ သက်ဆိုင်တဲ့တခြားဒီပလိုမာ
ပေါင်းများစွာတို့ ရရှိထားပါတယ်။ ဆရာကိုဝေယံဟာ Pro Wave Training Center ရဲ့ Founder & Principal ဖြစ်သလို Pro Wave Business Consulting Group ရဲ့ Chief Consultant တစ်
ယောက် လည်းဖြစ်ပါတယ်။ ဆရာကိုဝေယံက F&B လောကကို အများနဲ့ မတူတဲ့ ကိုယ်ပိုင်မူ ကိုယ်ပိုင်ဟန် ခြားနားတဲ့အတွေးအခေါ်သစ် အများမမြင်တဲ့ရှုထောင့်အမြင်သစ်တွေနဲ့ ရှုမြင်သုံးသပ်ကာ လမ်း
ကြောင်းသစ်တစ်ခုကို ဖောက်လုပ်ခဲ့သူဖြစ်ပါတယ်။ဆရာကိုဝေယံဟာ စားသောက်ဆိုင် ဘားဆိုင်နဲ့ 
ဟိုတယ်ပေါင်းများစွာမှာ မန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့သလို အခုလက်ရှိလည်းစီးပွားရေးလောကရဲ့ နာယမည်ကြီးအတိုင်ပင်ခံဆရာဖြစ်သလို F&B Management & Service Cooperate Trainer အဖြစ်ပါ အောင်မြင်နေသူတစ်ဦးပဲဖြစ်ပါတယ်။
ဟိုတယ်နဲ့ စားသောက်ဆိုင်ပေါင်း (၃၀)ကျော်ကို
အောင်မြင်စွာအတိုင်ပင်ခံလုပ်ပေးခဲ့သလို ဟိုတယ်နဲ့ စားသောက်ဆိုင်(၂၀)ကျော်ကိုလည်းအောင်မြင်စွာစတင်ဖွင့်လှစ်နိုင်ဖို့ စနစ်တကျ Frame ချပေးနိုင်ခဲ့ပါတယ်။ဆရာကိုဝေယံဟာစားသောက်ဆိုင်လုပ်
ငန်းရှင်ပေါင်း ၅၀ ကျော် မန်နေဂျာပေါင်း ၁၀၀ ကျော် Supervisor ပေါင်း ၃၀၀ ကျော်နဲ့ စားပွဲထိုးပေါင်း ၁၀၀၀ ကျော်ကို သင်ကြားပို့ ချပေးခဲ့တဲ့ အတွေ့အ
ကြုံရင့်ဆရာ တစ်ဦးပဲဖြစ်ပါတယ်။အခုသင်တန်းမှာတော့ ဆရာကိုဝေယံက…
# Business Ethics
# Business Law
# Labor Law
# Changing Mindset
# Positive Motivation
# Leadership & Management
# Human Resources Development
# Human Resources Management
# Marketing Management
# Kitchen Management
# Service Management
# F&B Management
# Operation Management
# General Management
# Communication Skill
စတဲ့ နိုင်ငံတကာမှာ သိန်းရာကျော်ပေးတက်ရတဲ့ MBA in Hospitality သင်ရိုးထဲမှ ဘာသာရပ်များကို
မြန်မာပြည် F&B လောကနဲ့ ကိုက်ညီအောင်စနစ်တကျ သင်ရိုးညွှန်းတန်းပြုစုပြီးဆရာကိုဝေယံရဲ့ အ
တွေ့ အကြုံ ပညာ သမ္ဘာတို့ နဲ့ ယှဉ်ပြီးသင်ကြားပို့ ချ
ပေးသွားမှာပဲဖြစ်ပါတယ်။ သီအိုရီနဲ့ လက်တွေ့ လုပ်
ငန်းအတွေ့ အကြုံများကို မျှတအောင် သင်ကြားပေးသွားမှာပါ။ ☺
တချို့သင်တန်းတွေလိုသင်တန်းဆရာက တစ်ဖက်
သတ် ပျင်းရိငြီးငွေ့ စရာသင်ကြားမှာမဟုတ်ပဲ သင်
ခန်းစာတစ်ခုပြီးတိုင်း နိုင်ငံတကာ အဆင့်မှီ သင်
ကြားရေးနည်းစနစ်တွေအတိုင်း ဝါရင့်သင်တန်းဆရာနဲ့ အပြန်အလှန်ဆွေးနွေးပြီး Coaching ပုံစံ
သိချင်တာတွေကို အပြန်အလှန်မေးခွန်းထုတ်ပြီး
လွတ်လပ်စွာမေးမြန်းဆွေးနွေးနိုင်မှာပါ။ဒါ့အပြင်
F&B နဲ့ ပတ်သတ်တဲ့ ဥာဏ်စမ်းမေးခွန်းတွေ
Project တွေကို လက်တွေ့ စဉ်းစားဖြေဆိုကြရမှာ
ဖြစ်ပါတယ်… ????
ကျွန်တော်တို့သင်တန်းရဲ့ထူးခြားတဲ့အားသာချက်ကတော့ တခြားသင်တန်းတွေလိုငွေကြေးအကျိုးအမြတ်ကိုအဓိက မထားပဲ တစ်လမှာတန်းခွဲတစ်ခုသာဖွင့်ပြီး
တန်းခွဲတစ်ခုကို လူရှစ်ယောက်စီသာကန့်သတ်လက်ခံပြီးသင်ကြားပေးသွားမှာပါ။☺
???? သင်တန်းနေ့ ရက်နဲ့ အချိန် ⏰
*************************
ပြီးခဲ့တဲ့သင်တန်းအပတ်စဉ်(၁၂)ခုစလုံးမှာ တန်းလုံး
ပြည့်လာတက်တဲ့ သင်တန်းသားတွေကိုအထူးပဲ
ကျေးဇူးတင်ရှိပါတယ်။သင်တန်းအမှတ်စဉ်(၁၂)
တုန်းက လူပြည့်သွားလို့ မတက်လိုက်ရတဲ့သူတွေရဲ့
တောင်းဆိုချက်အရ တန်းခွဲသစ်ကိုအောက်ပါ
နေ့ ရက်အချိန် အတိုင်းထပ်မံ ဖွင့်လှစ်သင်ကြား
ပေးသွားမှာပဲဖြစ်ပါတယ်။
သင်တန်းအမှတ်စဉ်(၁၃)ကိုတော့ လာမယ့်
မတ်​လ (၂၃)ရက်ကနေ(၂၄)ရက်နေ့ အထိ
နှစ်ရက်တာအထူးသင်တန်း အဖြစ်ဖွင့်လှစ်သင်
ကြားပေးသွားမှာပါ။ သင်တန်းအချိန်ကတော့
မနက် (၉)နာရီကနေ ညနေ(၅)နာရီအထိပဲဖြစ်ပါ
တယ်။ သင်တန်းချိန်ကြားမှာ နေ့လည်စာ စားချိန်
နဲ့ သင်ခန်းစာတစ်ခုပြီးတိုင်း နားချိန်တွေကို သတ်
မှတ်ပေးသွားမှာဖြစ်ပါတယ်…
???? သင်တန်းကြေး
***************
သင်တန်းသားတွေကို သင်တန်းနှစ်ရက်စလုံးမှာ
မှာ နေ့လည်စာ၊ ကော်ဖီ၊ မုန်၊့ ရေသန့် တွေနဲ့ တည်
ခင်းဧည့်ခံပေးသွားမှာပါ။သင်တန်းကြေးကတော့
စာရွက်စာတမ်းကြေးအပြီးအစီး (၁၉၉၀၀၀)ကျပ်
သတ်မှတ်ထားပါတယ်။
သင်တန်းသားတွေအတွက် သင်တန်း Logo ပါ
တီရှပ် စာအုပ် ဘောပင် နဲ့ လက်ဆွဲအိတ်တွေကို
မေတ္တာလက်ဆောင်အဖြစ် ပေးအပ်သွားမှာပါ။
???? Early Bird Promotion
**********************
မတ်​လ (၁၆)ရက်နေ့မတိုင်မီ အပ်နှံမယ့်သင်
တန်းသားတွေအတွက်(၁၅၀၀၀၀)ကျပ်သာ
ကျသင့်မှာပဲဖြစ်ပါတယ်…
မတ်​လ (၁၆)ရက်နေ့နောက်ပိုင်း အပ်နှံသူတွေ
အတွက်တော့ မူလသင်တန်းကြေးအတိုင်း (၁၉၉၀၀၀)ကျပ် ကျသင့်မှာပဲ ဖြစ်ပါတယ်…
ထို့အပြင် သင်တန်းသားဟောင်းတွေလမ်းညွှန်
မိတ်ဆက်ပေးလိုက်တဲ့သူတွေအတွက် တော့
(၁၀)% အထူးလျှော့ဈေးကို ထပ်မံခံစားခွင့်ရရှိမှာပါ။
သုံး​ယောက်​အတူသင်​တန်းအပ်​လျင်​ တစ်​ယောက်
အတွက်သင်တန်းေ​​​ကြး အခမဲ့ တက်​​ရောက်​ခွင့်
(2+1)ကိုရရှိဦးမှာပဲ ဖြစ်​ပါတယ်​...
သင်တန်းကြိုတင်အပ်နှံရာမှာစရံငွေတစ်ဝက်ကို ကမ္ဘောဇဘဏ်မှငွေလွှဲ၍ ကြိုတင်အပ်နှံနိုင်ပါတယ်။ ဘဏ်
အကောင့်နံပါတ်ကိုဖုန်းဆက်၍ဖြစ်စေ စာပို့ ၍
ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
????✨???? ရရှိမည့်​ အကျိုး​ကျေးဇူးများ ????✨????
*********************************
သင်တန်းကြေးထက်ပိုတဲ့ အသိပညာ ဗဟုသုတ
တွေနဲ့ တိုးတက်ပြောင်းလဲမှုတွေကို နှစ်ရက်တည်းနဲ့
ရရှိစေရမယ်လို့ အာမခံပါတယ်။ သင်တန်းက
သင်ကြားပေးတဲ့ အသိပညာ အတတ်ပညာတွေ
သာမက စားသောက်ဆိုင်လောကမှ ဆိုင်ရှင်များ
မန်နေဂျာများနဲ့ပါ ရင်းနှီးခွင့်ရရှိမှာဖြစ်သလို သင်တန်း
သားအားလုံးအတွက် Facebook Messenger Group ထဲကိုပါ ဝင်ခွင့်ရမှာဖြစ်လို့ သင်တန်းတက်
ပြီးနောက်ပိုင်းလည်း အွန်လိုင်းကနေပါ အဆက်
အသွယ်မပြတ် ပညာတွေကို ဆက်လက် ဆည်း
ပူးလေ့လာခွင့်ရရှိမှာ ဖြစ်ပါတယ်…သင်​တန်းက
သင်​ရိုးညွှန်းတမ်းအသစ်​​ပြောင်းလဲတဲ့အခါ သင်​တန်း
သား​ဟောင်းအ​နေနဲ့ သင်​ရိုးညွှန်းတမ်းအသစ်​နဲ့တန်းခွဲ
သစ်​ကို အခမဲ့ထပ်​မံတက်​​ရောက်​ခွင့်​ ရရှိဦးမှာပါ...
???? သင်တန်းဆင်းလက်မှတ်
**********************
သင်တန်းဆင်းတဲ့အခါ နိုင်ငံတကာအဆင့်မှီ
Restaurant Management Course Certificate
သင်တန်းဆင်းလက်မှတ်ကို ပေးအပ်ချီးမြှင့်သွားမှာ
ပဲ ဖြစ်ပါတယ်။
???? သင်တန်းတည်နေရာ
*******************
သင်တန်းတည်နေရာကတော့ အမှတ်(၃၀)
မြေညီထပ် ဆင်စွယ်လမ်း စောရန်ပိုင်ရပ်ကွက်
အလုံမြို့နယ် ရန်ကုန်မြို့ မှာပါ။
်☎ ဆက်သွယ်ရန်ဖုန်းနံပါတ်
**********************
????09960939909
????09799177401
❗ သတိပြုစရာအချက်
******************
သြော် ဒါနဲ့  စကားမစပ် သင်ကြားရာမှာ ပိုပြီး
ထိရောက်မှုရှိစေဖို့ နဲ့ အာရုံစူးစိုက်နိုင်စေဖို့ သင်
တန်း တန်းခွဲတစ်ခုမှာသင်တန်းသား(၈)ယောက်စီ
သာ လက်ခံသင်ကြားပေးသွားမှာဖြစ်လို့ လူမပြည့်
ခင်အမြန်ဆုံးလာရောက်အပ်နှံထားမှ စိတ်ချရမယ်
နော်။ ????????????

food sports business courses
Nearby hotels and apartments
အလုံ, Yangon, မြန်မာ
အလုံ, Yangon, မြန်မာ